မုံရွာမြို့အမိတက္ကသိုလ်မြေမှ
တတိယနှစ်နောက်ဆုံး စာမေးပွဲကြီးပြိးလို့ မမေနိုင်သော မွေးရပ်မြေဆိုတဲ့ အမိ၊အဖ ညီ ညီမများရှိရာ
ဇာတိချက်ကြွေ မွေးမေမေ၊မွေးဖေဖေ ရှိရာသို့ တစ်ခေါက်ပြန်ခဲ့ရပြီး ရောက်ခဲ့ရပြန်ပြီ။။
ရက်ကိုလကမြို၊ လကိုနှစ်ကမြိုခဲ့သော ဆယ့်နှစ်ရာသီဥတုသုံးပါးတို့
၇စ်ပတ်နှောင်ဖွဲ့မှုဂယက်ရဲ့အောက်မှာ ပြုံးကြ
၊ပျော်ကြ မေ့မောလေကြသော ငမိုက်သားတို့ဆိုတဲ့ သံဝေဂ ကဗျာလေးကို ရွတ်ဆိုတွေးတောရင်း
အဖေ၊အမေတို့ နေထိုင်ရာ အိမ်ဆီသို့ တတိယတစ်ခေါက် ပြန်လည်ရောက်တယ်ဆိုရင်ဘဲ အမိအဖနှစ်ပါးကို ၀န်ချကန်တော့ပြီးသည်နောက် နာရီဝက်မျှအနားယူပြီး
ငယ်စဉ်ကတည်းက အိပ်စက်ခဲ့သော အိပ်ယာဟောင်းလေးပေါ်မှာ
အိပ်စက်အနားယူမိသည်။
ခန္ဓာကိုယ်ကြည်လင်လာသည့်နှင့်
တစ်ပြိုင်နက် ရွာလယ်ရွှေဂူကြီးမြတ်စွာဘုရားသီတင်းသုံးရာ ဘက်ဆီသို့ကြည်ညိုဖူးမြော်ဖူးရန်အတွက်
လျောက်လှမ်းလာခဲ့သည်။ တံတိုင်းကြီးများကာရံထားပြီး ခံ့ညားထည်ဝါသော အရှေ့ဘက်ဝရန်တာအထက်ဘက်တွင် တံပျက်စီးလှဲနေသော ဦးလေးဦးလှသန်းနှင့်
အမှတ်မထင် တွေ့ဆုံနေသည်။
ဦးလေးလှသန်းက “ဟမောင်ကျော်မျိုးသန့်ကြီး
မင်းဘယ်တုန်းက ရောက်တာလဲငါ့တူ”” ဟု ပဏာမဦးစွာ
စတင်တင်နှုတ်ဆက်ရာ--- ကျွန်တော်ကလဲ--
““ကျွန်တော်
ဒီနေ့ဘဲရောက်တယ်ဦးရေ-- ရောက်တုန်းလေးမှာ ကိုယ့်ရပ်ရွာရဲ့ တန်ခိုးကြီးမြတ်စွာဘုရားကို
ဖူးမျော်ရင်းဆိုပါတော့ ဦးလေးရာ”” ဟု ပြန်လည်ဖြေကြားရာ--- ဦးလေးက
“အေးပေါ့ကွာ--
ကိုယ့်ရပ်ရွာဆိုတော့ မမေ့ကောင်းပါဘူးကွာ”” ဟုဆိုလေသည်။ ထိုနောက် ကျွန်တော်သည် ဘုရား၏ပတ်ပတ်လည်ကို
ကျီးကန်းတောင်းမှောက်ကြည့်လိုက်ပြီး---
“အော်ဒါနဲ့
ရွှေဂူကြီးမြတ်စွာဘုရားကြီးကို ပြုပြင်ထားတော့ ကျွန်တော်ကဘဲ မျက်စိလည်နေသလားမသိဘူး--
တော်တော်လေးကို ကျယ်ဝန်းနေသကိုးဗျ--” ဟုမေးလိုက်ရာ
“ဟား--
မင်းမသိဘူးပေါ့--- ဒီကွင်းပြင်ကျယ်ကြီးကို စင်္ကာပူကမောင်မျိုးခိုင်တို့ မိသားစုက ဘုရားရင်ပြင်တော်အဖြစ်
လှူဒါန်းသွားတာကွ ငါတူရ ”ဟု ရှင်းပြလိုက်ရာ ကျွန်တော်စိတ်ထဲမှာ “လှတောသား”စကားပုံလို
“အလွန့်အလွန်ကို
ကျယ်ဝန်းနေသကိုးဗျ”ဟု တွေးတောလိုက်ပါသည်။
ကျွန်တော်ရွာမှာ တည်ထားကိုးကွယ်ထားတဲ့ စေတီတော်ပုံလေးတွေကို ဝေေ၀ဆာဆာဖော်ပြပေးလိုက်ပါတယ်---
ရွှေဂူကြီး အာရုံခံ ဘုရားပုံ
ရွှေဂူကြီး အာရုံခံ ဘုရားပုံ
ရွှေဂူကြီး ဘုရားဝန်းအတွင်းရှိ စေတီတော်များ
ရွှေဂူကြီး ဘုရားအတွင်းရှိ ဒေါ်သေး တံခွန်တိုင်
ဦးမျိုးခိုင် လှူဒါန်းထားသော ဘုရားမြေ
ကဲမှတ်တမ်းလေးဆက်လိုက်ရအောင်--
----
ထို့နောက်--ဦးလေးမှ---
“ကဲ--လာ-
ငါ့တူ -- ဦးလေးနဲ့တွေ့တုန်းလေး ဘုရားအာရုံဆောင်းနဲ့ ဘုရားဆင်းတုတော်ကို သွားဖူးရအောင်ကွာ”လို့
ပြောလေရာ-- ကျွန်တော်လဲ စိတ်ထဲမှာဖူးမြော်ချင်စိတ်နဲ့ တစ်ထပ်ထဲကျရောက်နေတာမို့ မညှင်းသာတော့ဘဲ---
“ဟုတ်ကဲ့ပါ
ဦး-- ဦးလေးနောက်က လိုက်ခဲ့ပါ့မယ်”လို့ ပြောကြားလိုက်ပြီး ဘုရားရှိရာအာရုံခံတံဆောင်းသို့
လိုက်ခဲ့ပါတော့သည်။-----
ထိုနောက်ရွှေဂူကြီးမြတ်စွာဘုရားကို
ကြည်ညိုစွာဖူးမြော်ရင်း ရုတ်တရပ် ဘုရားရုပ်တုတော်၏ နောက်မှာပေါက်ရောက်နေသော ဗောဓိညောင်ပင်ကို
တွေ့လိုက်ရာ----
“ဦးလေး
ဘုရားကိုယ်တော်ရဲ့ နောက်ခံဗောဓိညောင်ပင်ဟာ တကယ့်ကို မြေပြင်ပေါက်လာတဲ့အတိုင်းဘဲနော်”
ဟု စပ်စုမေးလိုက်ရာ--- ဦးလေးက
“ဒီမှာငါ့တူ
မင်းတို့က ငယ်ရွယ်သူတွေဆိုတော့ ခွက်ခွင်းရွာရဲ့အတိတ်တပေါင်ကို မသိရှာကြဘူး--- ဦးလေးရှင်းပြမယ်---
ကန်ကိုးကန်ကြားမှာ ဘုရားပွင့်မယ်လို့ တပေါင်ရှိတယ်တူလေး---- ဦးလေးတို့ခွက်ခွင်းရွာဟာ
ကန်ကိုးကန်ရဲ့ အလယ်ကရွာကွ-- ငါ့တူမှတ်ထား ဟိုအရှေ့နားကရွာက
မကြီးကန် ၊ ကန်ဗျား၊ တောင်နားက ကန်တော်၊ ဟိုအနောက်က ညောင်ပင်ကန် ၊ ကန်ဆွယ် ၊ လှေဦးကန်၊
ကန်သုံးဆင့် ၊ မြောက်နားက ထိန်ကန် ဟိုအရှေ့နားက ရွှေကျောင်းကန်ကွ ငါ့တူ” ဦးလေးရဲ့ အဖိုးမဖြတ်နိုင်သော စကားများကို ကြားခွင့်ရခဲ့ကာ
ကျွန်တော်စိတ်ထဲမှာ အကျေနပ်ကြီးကျေနပ် နေပါတော့သည်။။--
ဦးလေးက
ဆက်ပြီး“အဲဒီ ကန်ကိုးကန်ကြားက တို့ခွက်ခွင်းရွာမှာ ဘိတကတ်သုံးပုံအောင် ဆရာတော်၂ပါးဆိုတော့ ဘုရား၎ဆူထဲမှာ သုတဗုဒ္ဓဘုရားတစ်ဆူအပါအ၀င်ကွ ငါတူရ
--- အဲဒါမို့-- ငါတို့ရွာရဲ့ ရွေဂူကြီးမြတ်စွာဘုရားရဲ့ ဆင်းတုတော်နောက်မှာ ဗောဓိညောင်ပင်ကြီးပေါက်လာတာ
မင်းအမြင်ဘဲ” ဟု ဦးလေးရဲ့စိတ်ရှည်လက်ရှည် ရှင်းပြပါသည်။--
ရွှေဂူကြီးမြတ်စွာဘုရားနောက်က ညောင်ပင်
ရွှေဂူကြီးမြတ်စွာဘုရားဝန်းအတွင်း ပြုပြင်မှုများ လုပ်ဆောင်လျှက်ရှိ
ရွှေဂူကြီးမြတ်စွာဘုရားဝန်းအတွင်း ပြုပြင်မှုများ လုပ်ဆောင်လျှက်ရှိ
ဘုရားဝန်းအတွင်းရှိ ခြင်္သေ့ကြီး
ရွှေဂူကြီးမြတ်စွာဘုရားဝန်းအတွင်းရှိ ကြည်ညိုဖွယ် စေတီတော်
ဘုရားဖူးပြီးနောက်
မုဉ်ဦးမှဆင်းလာပြီးအမေကြီးတို့ရှိရာ
နေအိမ်သို့ ခေတ္တ၀င်ကာ အမေကြီးကို ကန်တော့ပြီးနောက်
ရွာ၏ အရှေ့အနောက်လမ်းမကြီးအတိုင်း လမ်းလျောက်လာခဲ့ရာ
မိုးရာသီဖြစ်သောကြောင့် ရေများဖြင့် ပြည့်လျံနေသော “ဦးကျိုင်းကန်” ဟာလဲ
တစ်မျိုးတမည်ပင် ကြည့်လို့ကောင်းနေပါတော့သည်။
ရေများဖြင့် ပြည့်နေသော ဦးကျိုင်းကန်
သီတဂူအာယုပါလ ဆေးရုံကြီးရှိရာသို့ ရောက်တယ်ဆိုရင်ဘဲ ထမင်းဆိုင်၊ ခေါက်ဆွဲဆိုင်များနှင့်
စည်ကားသိုက်မြိုက်နေတာကို ရင်သတ်ရူမောဖွယ် တွေ့မြင်ရပါတယ်---
ဆေးရုံ၏
ကြီးကျယ်ခန်းနားမှုကိုတွေ့မြင်ရပြီးဦးလေးဖြစ်သူအား “ဦးလေး ကျွန်တော်တို့ရွာဆေးရုံကြီးက
မြင်းမူဆေးရုံထက်တောင် ပိုသာနေပါလားလို့” မေးလိုက်ရာ-- ဦးလေးဖြစ်သူက--
“ဟုတ်တယ်တူလေးရ
မြင်းမူဆေးရုံနှင့် မနှိုင်းနဲ့ကွ၊ တို့ဆေးရုံက အစစအရာရာ သာနေတယ်ဆိုမင်းအမြင်ဘဲမဟုတ်လား--
ပြီးတော့ ကုန်စုံဆိုင်ဆိုရင် မင်းအဒေါ် မာမာခင်တို့ ဆိုင်လောက်တောင် ကုန်ပစ္စည်းမများပါဘူးကွာ”
ဦးလေးက ရယ်ရွှင်ဖွယ် အရွှမ်းဖောက်ဟာသ ပြောလေသည်။---
ရင်သတ်ရူမောဖွယ်ကောင်းသော ခွက်ခွင်းတိုက်နယ်ဆေးရုံ
ရင်သတ်ရူမောဖွယ်ကောင်းသော ခွက်ခွင်းတိုက်နယ်ဆေးရုံ
ဆေးရုံ၏ အရှေ့ဘက်မှ လှမ်းမြင်နေရသော ဦီးပါဝရ ကျောင်း
ရွာသာယာရေးအတွက် ယခုကဲ့သို့ စက်ယန္တားကြီးများဖြင့် ပြုပြင်နေပုံ
ခွက်ခွင်းစံပြကျေးရွာတွင် ယခုကဲ့သို့ ကပ်တရာလမ်းများ ခင်းကျင်းထားပုံ
ကာ3းစီးစာ ရှောင်လို့ရသော ခွက်ခွင်းစံပြကျေးရွာ၏ သာယာဖွယ် လမ်းမကြီးများ
ထို့နောက်
ကျွန်တော်သည် ဦးလေးဖြစ်သူနဲ့အတူ ဆေးရုံပတ်ပတ်လည်ကို လေ့လာကြည့်ရူပြီး
---- “ဦးလေးရေ--- ဒီနေ့ဦးလေးနဲ့ လာတွေ့ရတာ ကျွန်တော် အတော်လေးကို
ဗဟုသုတတွေ ရလိုက်တယ်ဗျာ-- အဲဒီအတွက် ဦးလေးကို ကျွန်တော်
လဘက်ရည်တိုက်ပါရစေ” လို့ ခွင့်တောင်းလိုက်ရာ----- ဦးလေးကလဲ “ငါ့တူကြီး
တိုက်ချင်သပဆိုရင် တိုက်စေဗျာ-- ဦးလေးကလဲ ဆာနေတာနဲ့အတော်ဘဲ”
လို့ပြောတဲ့အတွက် ကျွန်တော်တို့ တူကြီး နှစ်ယောက်တို့သည် ခွက်ခွင်းစံပြ
တိုက်နယ်ဆေးရုံ ပတ်ပတ်လည်မှ လဘက်ရည်ဆိုင် တစ်ခုဖြစ်သော မ၀င်းမာ ကဖေး
ဆိုင်သို့ ဦးတည်လျောက်လှမ်းလာခဲ့တော့သည်။---
++++++
လဘက်ရည်သောက်လို့အပြီး
ကျွန်တော်မောင်ကျော်မျိုးသန့်နှင့် ဦးလေး ဦးလှသန်းတို့
တူကြီးနှစ်ယောက်သည်-- ညနေ 7နာရီထိုး အမှောင်ဝင်နေသည့်အတွက်
ကိုယ့်အိမ်ကိုယ့်ယာတွင် တစ်နေ့တာ ထမင်းစား၊အပန်းဖြေ အိပ်စက်ရန်အတွက်
သွက်လက်သောခြေလှမ်းတို့ဖြင့် လျောက်လှမ်းလာခဲ့ရပါတော့သည်။
မူပိုင်-- ကျော်မျိုးသန့်(ခွက်ခွင်းသား)
အဖေဦးကျော်မြင့်၏ ပြောပြချက်များကို မှီငြမ်းရေးသာပါသည်။----